Tuesday, August 12, 2014

သမိုင်းဝင်မြန်မာ အိန္ဒိယလူမျိုးများ(၃)

သမိုင်းဝင် မြန်မာ-အိန္ဒိယလူမျိုးများ (၃)
ORISSA (အိုရီဆာ)

အိုရီဆာ ဗုဒ္ဓဘာသာဝင် အိန္ဒိယ နယ်ချဲ့များက မြန်မာပြည်တောင်ပိုင်းကို ၀င်ရောက်ပြီး ဘီစီ(၅၀၀)ကပင် ဘုရားများ တည်ထားကြောင်း အထောက်အထားများ ရှိ၏။

(HGE HALL HISTORY OF SOUTH EAST ASIA)
သာမလ နှင့် ၀ိမလ

သာမလ(IndiaThalma သာလမာ) ၀ိမလ (အိန္ဒိယ Vimala ဗိမလ)မင်းသားညီနောင်က ပဲခူးမြို့ကို အေဒီ ၅၇၃က တည်ခဲ့သည်။ တပင်ရွှေထီးက အေဒီ ၁၅၃၉၌ သိမ်းယူခဲ့သည်။

(UPe Maung TinHG LUCE Glam Palace Chawle of King of Binm)

အန္ဒယာ မင်းဆက် (ANDRA  DYNASTY)

အိန္ဒိယအလယ်ပိုင်းမှ ဟိန္ဒူ အန္ဒယာ နယ်ချဲ့ကိုလိုနီများက ဘီစီ (၁၈၀)ခန့်က မြန်မာပြည်ကို ထိုးဖောက် အခြေချ၍ ဟံသာဝတီ (မွန်မြို့)နှင့် သံလျင်မြို့ကို တည်ထောင်ခဲ့သည်။

(HGE HALL HISTORY OF SOUTH EAST ASIA)


အဘိရာဇာ (သို့မဟုတ်) အဘိရာဂျာ

ဗမာအစ တကောင်းကဟု အချို့က ဆိုကြသည်။ အဘိရာဂျာမှာ သာကီဝင် မင်းမျိုးဖြစ်သည်။ ကပိလ၀တ် (KAPILAYATTHU-INDIA) မှ ပန်ချလာမင်း (PANCHALA-INDIA) (ဇာတိ VITATUPA) ကို စစ်ရှုံး၍ ပြေးလာခြင်းဖြစ်သည်။

အဘိရာဂျာသည် ထိုအိန္ဒိယအလယ်ပိုင်းမှပြေးလာပြီး SANGASSARATTHA သို့ SANGASSANAGARA ယခုအခေါ် တကောင်း၌ တိုင်းပြည်ထူထောင်၍ မင်းလုပ်၏။

(အညွှန်း U Pe Maung Tin and GH Luce မှန်နန်းရာဇ၀င် စာမျက်နှာ ၂.
Prince Abhiyaza was lord of theKapilavastu (ကပိလဝတ်) region of Kosala—the very birthplace of the historical Buddha three centuries later.Harvey, G. E. (1925). History of Burma: From the Earliest Times to 10 March 1824. London: Frank Cass & Co. Ltd.1925: 307–309.
Hmannan Vol. 1 2003: 153–155)
ကံရာဇာကြီး ရခိုင်မင်းဖြစ်ခြင်း

(Pe Maung Tin GH Luce မှန်နန်းရာဇ၀င် စာမျက်နှာ ၂)
အဘိရာဂျာကွယ်လွန်ပြီး ကံရာဂျာငယ် နန်းတက်၍ သားကြီး ကံရာဇာကြီးသည် ဧရာဝတီမြစ်အတိုင်း စုန်ဆင်းရာ သာလာဝတီမြစ်အတိုင်း ဆန်ဆက်၍ ကုလားတောင်သို့ ရောက်ရှိပြီး RAJAGAHA အဖြစ် ရှေးဟောင်း အာရကန် (ရခိုင်)ကို အုပ်ချုပ်မင်းလုပ်ပါသည်။

ကံရာဇာကြီး၏သား MUDUCITTA မုဒုကျစ်တ

ကံရာဇာကြီး၏သား Muducitta သားသည် မင်းဖြစ်လာသည်။ သူသည် ကျောက်ပန်းတောင်းမြို့ကိုတည်ခဲ့ပြီး ဒည၀တီကို စစ်နိုင်အုပ်ချုပ်ခဲ့သည်။

(အထက်ပါ မှန်နန်းရာဇ၀င် P-2 Line 22)
ဘိန္ဓက  ရာဂျာ BHINNAKA RAJA

မြောက်ဘက်မှ ကျူးကျော်လာသောတရုတ်တို့က တိုက်ခိုက်၍ တကောင်းမြို့ကို ဖျက်စီးသည်။ တကောင်းမင်း ဘိန္ဓကရာဂျာ ပြေးဆင်းပြီးနောက် ကွယ်လွန်၍ နောက်လိုက်များ သုံးစုကွဲသွားသည်။

၎င်းတို့မှ တစ်စုသည် အရှေ့ဘက်၌ ရှမ်း (၁၉) ပြည် တည်ထောင်သည်။

(မှန်နန်း P-3 Line 4-7)
အဘိရာဂျာ၏မြေး (မုဒုကျစ်တ)

တကောင်းမှပြေးလာသော အခြားတစ်စုမှာ ဧရာဝတီမြစ်အတိုင်းဆင်းလာပြီး  Muducitta နှင့် ၄င်း အိန္ဒိယ သာကီဝင်မင်းသမီး (ပျူ ကမ်းယံ သက် အုပ်စု ခေါင်းဆောင်) တို့နှင့် ပူးပေါင်းမိသွားသည်။

(မှန်နန်း P-2,3,6 မှ)
နာဂစိန် (အိန္ဒိယသာကီဝင် မင်းသမီး)

တကောင်းပြေး တတိယအုပ်စုသည် မာလီ (MALI)၌ သာကီဝင်မျိုး ဘုရင်မ နာဂစိန်အောက် ခိုဝင်ကြသည်။ နာဂစိန်မှာ သာကီဝင် အိန္ဒိယမင်း DHAJA RAJA၏ မိဘုရားဖြစ်ပြီး စစ်ရှုံး၍ မြန်မာပြည်ဘက် ခိုလှုံလာသူ ဖြစ်သည်။ လမ်း၌ သင်းတွဲ ‘THINTWE’ မြို့ကို တည်ထောင်ပြီး ပုဂံအထက်ပိုင်းကို ထူထောင်သည်။

(မှန်နန်း P 3, 4 8 3 0)
DAHNAVATA ကပျူဘုရင်မ သံဘူလကို ဖမ်းသည်။ သို့သော် နန်းခမ်း (NANKHAM- CHINA) ပျူဘုရင်မက သံတွဲ- တောင်တန်း (၇)သွယ်နေ ကမ်းယံများကို နှင်ထုတ်ခဲ့သည်။

(မှန်နန်း P 6, 12 . 13)
ဒွတ္တဘောင်

သာကီဝင် အဘိရာဂျာ၏ အဆက် ဒွတ္တဘောင်က သရေခေတ္တရာကို ဘီစီ (၄၃၄)၌ ထူထောင်သည်။

(Ref: 1. မှန်နန်း P 7, 9, 13, 21, 23, 83, 88, 86 and 94
2. Aung-Thwin, Michael (1996). “Kingdom of Bagan”. In Gillian Cribbs.  Myanmar Land of the Spirits. Guernsey: Co & Bear Productions.ISBN 0952766507   
မွန်တလိုင်း

အညွှန်း
Mashe YegaMuslimofBurma
HGE Hall History ofSoutheast_Asia
BURMA” DGE Hall Professor, University of Landon andYangon 
တောင်ပိုင်း အိန္ဒိယနိုင်ငံ မဒရပ်ကမ်းခြေမှ TALINGANA တလင်းဂါးနား ပြည်နယ်မှ ပြောင်းရွှေ့လာသော တလိုင်းများသည် တရုတ်ပြည်မှ ဆင်းသက်လာသော မွန်များနှင့် ပူးပေါင်း၍ (ANDRA) အန္ဒရာ နှင့် (ORISSA) အိုရစ္စာ နယ်ချဲ့များကို တိုက်ထုတ်ခဲ့ကြသည်။

ထို မွန်တလိုင်းများသည် ဗုဒ္ဓဘာသာ၊ ယဉ်ကျေးမှု၊ လက်မှုပညာ (ပန်းဆယ်မျိုး)၊ စာပေ၊ ပိဋကတ်သုံးပုံမှစ၍ ခေတ်သစ် ယနေ့ မြန်မာ့အခြေခံများကို ယူဆောင်ပေးခဲ့ကြသည်။ ပဲခူးနှင့် သထုံမြို့များကို ထူထောင်ခဲ့ကြသည်။

အနော်ရထာမင်းက မွန်ဘုရင် မနုဟာကို အေဒီ (၁၀၇၅)၌ အောင်နိုင်ခြင်းက မြန်မာနိုင်ငံကို အိန္ဒိယ မြန်မာဆက်ဆံရေး လမ်းစ ဖွင့်ပေးခဲ့ပြီး အထူးသဖြင့် ဗုဒ္ဓဘာသာနှင့် ပတ်သက်သမျှကို သီဟိုဠ်ကျွန်းနှင့် အပြန်အလှန် ကူးလူးဆက်ဆံ နိုင်စေခဲ့သည်။

အရည်းကြီး

အထက်ပါ အချိန်မတိုင်ခင်က အိန္ဒိယမှ ဗုဒ္ဓဘာသာ အစွန်းရောက် ဇာတ်ကွဲ အရည်းကြီးတို့က ပုဂံကို မင်းမူထားခဲ့သည်။ ယခုအချိန်အထိ အိန္ဒိယ၌ အရီးဟူသော ဂိုဏ်းဝင်များ ကျန်ရှိနေသေးသည်။

အိန္ဒိယ ဘင်္ဂါလီမင်းသား ပဋိက္ခရား

(ညွှန်း မှန်နန်း P 105-106)
ကဋိက္ခရားမင်းသားနှင့် ကျန်စစ်မင်း သမီး ရွှေအိမ်စည်တို့၏ အချစ်ဇာတ်လမ်းကို အများသိကြပြီး ဖြစ်၏။ မြန်မာပြည် မြစ်ဝကျွန်းပေါ်အရပ်၌ အိန္ဒိယအနွယ် နိုင်ငံ(၃)ခု ရှိခဲ့ပြီး တစ်ခုမှာ ပဋိက္ခရားနိုင်ငံဖြစ်သည်

No comments:

Post a Comment

Note: Only a member of this blog may post a comment.