Sunday, August 17, 2014

تت

မင်းဘယ်မှာလဲ မြင့်မိုရ်တောင်
အောက်ကတော့ မေးခွန်းကို ကချင်ပြည်နယ်မှ ကုလားဘွဲ့ခံ စန္ဒောဒယကနေပြီးတော့ မေးထားတာပါ
(မေး) (မြင်းမိုရ်တောင်)
အရှင်ဘုရား၊ လူတိုင်း လူတိုင်းဟာ များသောအားဖြင့် မြင်းမိုရ်တောင်ကို ယူဇနာ ရှစ်သောင်းလေးထောင် ရှိ၏ဟု ပြောကြပါသည်။ သဒ္ဒါကြီး ပုဒ်စစ်စုံကျမ်း(၁၃၄)၌ ပြထားတာကတော့ ဂီရိရာဇာ-မြင်းမိုရ်တောင်မင်းသည် အဋ္ဌသဋ္ဌိသတသုဗ္ဗေဓော-ယူဇနာ တသိန်းခြောက်သောင်းအစောက်ရှိ၏-ဟု ပြဆိုထားရာ အထက်ပါစကားနှင့် ဆန့်ကျင်နေပါသဖြင့် ဘုရားတပည့်တော်အား ဖြေကြားပေးတော်မူပါဘုရား။
(အရှင်စန္ဒောဒယ-ခေတ္တ ကချင်ပြည်နယ်(သချိုင်းကုန်း)) (ဘာဖြစ်လို့လဲဆို လူတိတ်ဆိတ်တဲ့နေရာမှာ နိဗ္ဗာန်တံခါးဝကို ရှာလိုရမယ်ဆိုတဲ့ အဆိုလေးကြောင်းပေါ့ဗျာ ယခုက ခေတ်မှီလာပြီလေ မြို့ တွေ က စည်ကားလာပြီးဆိုတာ သချိုင်းကုန်းပဲ တိတ်ဆိတ်တာကို )



မြင်းမိုရ်တောင်သည် သမုဒ္ဒရာ၏ အထက်တွင် အမြင့်ရှိသလိုပင် သမုဒ္ဒရာအောက် ရေထုအတွင်းတွင်လည်း ရှိသည်ဆိုပါသည်။ သမုဒ္ဒရာ၏ အထက်အောက်ယူဇနာ အတူတူပင် ဖြစ်ရာ သမုဒ္ဒရာအထက် ရေအပြင်မှ တာဝတိံသာနတ်ပြည်အထိ ယူဇနာ ရှစ်သောင်းလေးထောင် ရှိသကဲ့သို့ သမုဒ္ဒရာအတွင်း၌လည်း ရှစ်သောင်းလေးထောင်ပင် ဖြစ်သည်။
ရေပေါ်တွင် ယူဇနာ ရှစ်သောင်းလေးထောင် ရှိသကဲ့သို့ ရေအောက်တွင်လည်း ရှစ်သောင်းလေးထောင်ရှိရာ နှစ်ရပ်ပေါင်း ယူဇနာ တသိန်းခြောက်သောင်း ဖြစ်ပါသည်။
ရှစ်သောင်းလေးထောင် နှစ်ပြန်ဆောင်သော တောင်မင်းမြင်းမိုရ်ဟု အဆိုရှိပါသည်။ ထို့ကြောင့် စကားနှစ်ရပ် မဆန့်ကျင်ပါ။ သော စတုရာသီတိ ယောဇနသဟဿာနိ မဟာသမုဒ္ဒံ သြဂါဟိတွာ အနုပ၀ိသိတွာ ဌိတောတတ္တကမေ၀ ဥဂ္ဂတော န ကေ၀လံ စေတ္ထဥဗ္ဗေဓော စ။ (ဇိနာလင်္ကာရ) ပိဋကတ်ကကျမ်းတို့မှာ ဆိုထားပါတယ်....http://mawluu.blogspot.com/ ဒီနေရာက မေးထားတဲ့ အမေးနဲ့ အဖြေကို ကူးယူထားတာပါ... ဒီအကြောင်းများကိုလည်း ပိဋကတ်ကျမ်းများအား ဖတ်ရူဖူးသူများအား မေးလို့ရပါတယ်.....


ဒီနေရာမှ စာရေးသူတို့ အနေနဲ့ ပြောရမယ်ဆိုရင် ပိဋကတ်ကျမ်း(သိုင်းဝတ္တူ)ထဲမှာပဲ ပြောထားတဲ့ မြင်းမိုရ်တောင်ကို သိပ္ပံပညာရှင်များပဲ မျက်စိလျံ ပြီး မတွေ့တာလား ညံထားလားတော့ မပြောတတ်ဘူးဗျာ.. တချို့ ကလည်း မြင်းမိုရ်တောင်ဟာ ကမ္ဘာ့ အပြင်ဖက်မှာ လိုလို စင်္ကြာဝဠာ ထဲမှာလိုလို နဲ့ ပြောခဲ့ကြပါတယ်။ ဒီနေရာ မှာ သမုဒ္ဒရာ ပါ ပါလားတော့ ကမ္ဘာ့အပြင်ဘက်မှာ မဟုတ်တော့ဘူးဆိုတာ ကျိန်းသေသွားပြီ ဘာဖြစ်လို့လဲဆို သမုဒ္ဒရာရေက ကမ္ဘာမြေကြီးထဲမှာပဲ ရှိတာလေ အာကာသ ထဲမှာ ရေမှမရှိတာဗျာ... ဒါကြောင့် မြင်းမိုရ်တောင်ဟာ ကမ္ဘာထဲမှာပဲ ကျိန်းသေပေါက်ရှိရမယ်ဗျာ... သမုဒ္ဒအတွင်းမှာ မြင်းမိုရ်တောင်က ယူဇနပေါင်း ရှစ်သောင်းလေးထောင် မိုင်နဲ့တွက်မယ်ဆိုရင် (မိုင်ပေါင်း ၆၇၂ဝဝဝ)တယ်... ကမ္ဘာ အချင်းထုထည်က မိုင်ပေါင်း ၂၆၀၀၀၀ ပဲရှိပါတယ်။

ပိဋကတ်ကျမ်းထဲမှာ ရွှီးထားတာက မြင့်မိုရ်တောင်ရဲ့ အမြင့်ဟာဆိုရင်
ဒါက သမုဒ္ဒရာထဲမှာနစ်ဝင်သော အောက်ခြေအပိုင်း = ယူဇနာ ၈၄၀၀၀


ဒါက ရေပြင်အထက်ကနေ တာဝတိံသာနတ်ပြည်ထိ ရှိတဲ့ အရှည် = ယူဇနာ ၈၄၀၀၀



(လေတွေ နည်းနည်းလျော့)


ဒါကို ကျွန်တော်တို့ကမိုင်အဖြစ်လိုချင်တယ်

၁ယူဇနာ = (၈ )မိုင် (သို့) (၁၃) မိုင် (သို့) (၁၂)မိုင်(၅)ဖာလုံ (၈ )သံကြိုး (၄) ကိုက်

အဖြေက သုံးမျိုးဖြစ်နေတယ်..ရပါတယ်ကျုပ်တို့က ဗုဒ္ဓဘာသာဝင်တွေ ကို အလိုလိုက်ပေးမယ်...ဒါကြောင့် ၈ မိုင်နဲ့ပဲ မြောက်ပေးလိုက်မယ်နော်...

၈၄၀၀၀ X 8 = ၆၇၂ဝဝဝ
ဒါဆိုတော့ မိုင်နဲ့ဆိုရင် သမုဒ္ဒရာထဲမှာ ၆၇၂ဝဝဝ(ခြောက်သိန်းခုနှစ်သောင်းနှစ်ထောင်) ၊ ရေပြင်မှ တာဝတိံသာနတ်ပြည်ထိကို ၆၇၂၀၀၀(ခြောက်သိန်းခုနှစ်သောင်းနှစ်ထောင်)မိုင်ရှည်လျားပါတယ်..



ရှိတာမှာ ကမ္ဘာမြေကြီး ထုထည်ဟာ မိုင်ပေါင်း ၂၆၀၀၀၀ ပဲ၇ှိတယ်ဗျာ.... ဒါဆိုတော့ ပိဋကတ်ကျမ်းနဲ့ သိပ္ပံ၇ဲ့အဆိုနဲ့ သိပ်မကွာဘူးနော်.. သေချာတိုက်ကြည့်ပါအုံးဗျာ....စာရေးသူလည်း မျက်စိမှုန်နိုင်တာပဲလေ.... သေချာကြည့်ပေးကြပါဗျာ....သေသေချာချာလေး...ပိဋကတ်(သိုင်းဝတ္တူ)က မှန်ပြီး သိပ္ပံရဲ့ အဆိုက မှားမှာ ဆိုလို့ပါဗျာ...ဒါကြောင့်ပါ သေသေချာချာကြည့်ပေးကြပါ...



မြင်းမိုရ်တောင်၏ သမုဒ္ဒရာအနက်ထဲမှာ၇ှိတဲ့အောက်ခြေနဲ့ တာဝတိံသာနတ်ပြည်ထိ ကို နှစ်ခုပေါင်းလိုက်တော့ မြင့်မိုရ်တောင်၏ အရှည်ကမိုင်ပေါင်း ၁၃၄၄၀၀၀ ရှိသွားပါပြီဗျာ...

မြင့်မိုရ်တောင်၏အမြင့် = ၁၃၄၄၀၀၀ မိုင်



ကမ္ဘာမြေကြီး၏ထုထည် = ၂၆၀၀၀၀ မိုင်




(အိုး သိပ်မကွာဘူးနဲ့ ထင်တယ်နော် နည်းနည်းလေးပဲ လွှဲတယ်နဲ့ တူတယ်နော်.....သေချာကြည့်ပေးပါ)ဟီဟီး ရယ်နေတာမဟုတ်ဘူးနော် ငိုနေတာ ဒီလောက်တောင် လွဲရလားဟ နည်းနည်းပါးပါးဆို လက်ခံပေးချင်သေးတယ်)

ဟင်း ဒါဆို မြင့်မိုရ်တောင်က ဘယ်မတုန်း ဘယ်ဂျောင်ထဲမှာ ရောက်နေတာလဲ..ဒီလောက်ကြီးကြီးမားမား ကမ္ဘာအံ့ဖွယ်ထဲ ထည့်ရမယ့်တောင် မင်းဘယ်နား ရောက်နေတုန်း ကမ္ဘာထက်တောင်မှ ကြီးသေးတယ်တောင် မင်းကို မတွေ့တာနဲ့ ဗုဒ္ဓဘာသာဝင်တွေ အရှက်ကွဲတော့မယ်.. မင်းပုန်းမနေပါနဲ့ မြင့်မိုရ်တောင်ရယ် ထွက်ခဲ့စမ်းပါ... ဗုဒ္ဓဘာသာဝင်တွေ ရှက်ပြီးသေတော့မယ်.... ဒါကျီစားလို့ရတဲ့ ကိစ္စမဟုတ်ဘူး.....


မပြီးသေးဘူးနော် တာဝတိံသာနတ်ပြည်ရှိသေးတယ် ကျုပ်စိတ်ဝင်းစားမိတဲ့ နတ်ပြည်လေ (နတ်သမီးဘယ်ညာငါးရာဆိုတော့ ဟီဟီ သေးပေါက်ချိန်တောင် ရမယ်မထင်ဘူး နည်းနည်းရိုင်းသွားရင် ခွင့်လွှတ်ပေး စာရေးသူက တခါတလေ အပြောအဆိုမတတ်ဘူးလေ)

သမုဒ္ဒရာအထက် ရေအပြင်မှ တာဝတိံသာနတ်ပြည်အထိကို ၆၇၂ဝဝဝမိုင် လို့ဖြေထားပါတယ်။ ဒါကြောင့် ယနေ့သိပ္ပံပညာရှင်များ တွေ့ရှိချက်များအရမှာဆိုရင် ကမ္ဘာကနေ အင်္ဂါဂြိုလ်ကို မိုင်ပေါင်း သန်း ၂၅ဝ ကွာဝေးပါတယ်လို့ သိရပါတယ်. ... ဒါက ကမ္ဘာနဲ့အနီးဆုံးဂြိုလ်ပဲရှိသေးတယ် သိပ္ပံပညာ တွေ့ရှိချက်တွေအရကတော့ အင်မတန်ဝေးတဲ့ ပလူတို ဂြိုလ် အထိကို တွေ့ရှိထားပြီးပါပြီ။ ဒါဆိုဘာပဲပြောပြော ယူဇနပေါင်း ရှစ်သောင်းလေးထောင် မိုင်ပေါင်း ၆၇၂ဝဝဝ သာဝေးတဲ့ တာဝတိံသာနတ်ပြည်ကို ကြိမ်းသေတွေ့ရှိနေရမှာ ဖြစ်ပါတယ်။


ဒါပေမဲ့ နာဆာ အဖွဲ့ရဲ့ညံ့ဖျင်းမှု့ကြောင့် တာဝတိံသာနတ်ပြည်ကို မတွေ့ ရသေးတာဘဲလို့ ယူဆလိုက်ပါတယ်။ အင်းတော်တော်ညံ့ဖျင်းတဲ့ နာဆာအဖွဲ့ပဲ ဒီနတ်ပြည်လေးတောင် မတွေ့ဘူးလား ... ဟဲ့ နင်တို့ အဖွဲ့က ဘာအဖွဲ့ တုန်း အင်း ဒီလောက် သဘာဝနဲ့ခေတ်ညီ သိပ္ပံထက်သာလွန်ကောင်းမွန်တဲ့ ပိဋကတ်ကျမ်းကဆိုထားတာတောင် နင်တို့က တွေ့အောင် မရှာနိုင်တဲ့ငနာတွေ နင်တို့တော်တော်ညံတယ်.. (ဗုဒ္ဓဘာသာရဟန်းရှင်လူများခင်ဗျာ ကျုပ်ကို ဒီတခါတော့ မဆဲဘဲ နာဆာအဖွဲ့ရဲ့ ညံဖျင်းမူကြောင့် တာဝတိံသာနတ်ပြည်ကို မတွေ့ရတာပါဗျာ.. ကျတော်မှာ အပြစ်မရှိပါဘူးဗျ.... ဟီဟီး ဒီတခါတော့ ရယ်ရလွန်းလို့ မျက်ရည်တောင် ကျမိသေးတယ်ခွီးခွီး)

မြင့်မိုရ်တောင်၇ှိသည်ဟု မယုံလျှင် ဆဲမည်
ပုံ
ဗုဒ္ဓဘာသာဝင်များ

No comments:

Post a Comment

Note: Only a member of this blog may post a comment.